၂၀ မတ်

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနတက ပြည်နယ်တွင် ယမန်နေ့က ဆောက်လုပ်ဆဲအဆောက်အဦ ပြိုကျမှုဖြစ်ပွားရာ သေဆုံးသူ နှစ်ဦးရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ဒေသန္တရ အစိုးရ က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပြိုကျ အဆောက်အဦ၏ အပျက်အစီးအောက်တွင် ပိတ်မိနေသူ ၁၅ ဦးခန့်ရှိနေပြီး ယခုချိန်ထိ လူပေါင်း ၃၇ ဦးကို ကယ်ဆယ်ခဲ့ကြောင်း သတင်းဖော်ပြထားသည်။

ဒါဝဒ်ခရိုင်၊ ကူမရီရှဝါ နဂါ ပြည်နယ်တွင် ယင်းအဆောက်အဦ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရောင်းဝယ်ဖောက်ကားရာအဆောက်အဦများ စုပေါင်းနေရာတွင် ထို လေးထပ်အဆောက်အဦ တည်ရှိပြီး ၎င်းအဆောက်အဦမှာ အပြီးသတ်မပြီးသေးသော်လည်း ဆိုင်ခန်းအချို့ကို အငှားပေးထားခဲ့ကြောင်း အိန္ဒိယတိုင်းမ်က ယနေ့ သတင်းဖော်ပြထားသည်။

ထိုသတင်းထုတ်ပြန်ချက်အရ ယင်းအဆောက်အဦ အပျက်အစီးအောက်မှ လူများကို ကူညီရန် အမျိုးသား သဘာဝဘေး တုန့်ပြန်မှု တပ်ဖွဲ့မှ အဖွဲ့တစ်ခုက ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းခဲ့ကြသည်ဟု သိရသည်။

ဘာသာပြန် - မြင့်မြင့်ချို
ကိုးကား-ဆင်ဟွာ