လာဆာ  ဇန်နဝါရီ  ၂၈

ဆီးနှင်းအလွန်အမင်းထူထပ်စွာကျဆင်းမှုကြောင့် လမ်းများမှာသွားလာရန် ဘေးကင်းလုံခြုံမှုမရှိသည့်အတွက် ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သည့် ဧဝရက်တောင်၏ ရှုခင်းကြည့်ဧရိယာကို ခရီးသွားများအတွက် ယာယီပိတ်ထားလိုက်ပြီဖြစ်ကြောင်း ဒေသအာဏာပိုင်များက ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တင်ဂရီခရိုင်  ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဗျူရို၏ ထုတ်ပြန်ချက်တွင် ရှုခင်းကြည့်ဧရိယာအတွင်းရှိ လမ်းများမှာ ဆီးနှင်းများနှင့် ရေခဲများ စုပြုံဖုံးလွှမ်းနေကြောင်း  ဖော်ပြထားသည်။

ခရီးသွားများအတွက်  ရှုခင်းကြည့်ဧရိယာပိတ်ပင်မှုမှာ ဇန်နဝါရီ  ၂၈ ရက် မွန်းလွဲ ၃ နာရီခွဲတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူများက ဆီးနှင်းများကို ဖယ်ရှားရှင်းလင်းခြင်းနှင့် လမ်းများပြန်လည်အသုံးပြုနိုင်ရေးလုပ်ဆောင်လျက်ရှိကြောင်း၊ အခြေအနေများကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို   ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

ဆင်ဟွာ