ထားဝယ် ၂၀ မတ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတောင်စား စေတီတော်(၂၅၆)နှစ်မြောက်နှင့် လောကမာရဇိန်ဘုရား(၁၄၃)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက်လောင်းလှူပွဲကြီးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ထို့နောက် သံဃာတော် ၁၀၈ ပါး ၊ သီလရှင်အပါး ၃၀ တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် နှင့်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်/ကျေးရွာများ ၊ စေတနာရှင် အလှူရှင်များတို့က ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြပြီး မွန်းလွဲ ၃နာရီ တွင် နိဗ္ဗာန်ဈေးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဓမ္မပူဇာသဘင်ကို မတ် ၁၉ ရက်နေ့မှစ၍ ၂၁ ရက်နေ့အထိ ည ၈ နာရီတွင် သံဃာတော်အရှင်သူမြတ်များက တရားအလှူပေးမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


