နေပြည်တော် ၂၀ မတ်

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း ထုတ်လွှင့်မှုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှ ၂၀၁၉ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှစပြီး အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း(ချိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ‘ဝ’ ၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင် ဘာသာအစီအစဉ်များကို ည ၁၁ နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။

ယခု NRC ရုပ်သံလိုင်းထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၁၉ ခုနှစ် ဧပြီလ (၁)ရက်နေ့မှစပြီး ဇူလိုင်လ(၃၁)ရက်နေ့အထိ နေ့စဉ် နံနက် ၆ နာရီမှ ၇ နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာ အစီအစဉ်၊ နံနက်၇  နာရီမှ ၈ နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်၊ နံနက် ၈ နာရီမှ ၁၀ နာရီအထိ မွန်ဘာသာ အစီအစဉ်၊ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရခိုင်ဘာသာ အစီအစဉ်၊ နေ့လယ် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီအထိ ရှမ်းဘာသာ အစီအစဉ်၊  မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ ‘ဝ’ဘာသာ အစီအစဉ်၊ ညနေ ၄ နာရီမှ ည နေ ၆ နာရီအထိ ကချင်ဘာသာ အစီအစဉ်၊ ညနေ၆ နာရီမှ ည ၈ နာရီအထိ ကယားဘာသာ အစီအစဉ်၊ ည ၈ နာရီမှ ၁၀ နာရီအထိ အနောက်ပိုးကရင်ဘာသာ အစီအစဉ်၊ ည ၁၀ နာရီမှ ၁၁ နာရီအထိ အရှေ့ပိုးကရင်ဘာသာ အစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)