လွိုင်လင် ၂၀ မတ်
မတ် (၂၀)ရက်တွင် ကျရောက်သည့် အကြိမ်(၇၀)မြောက်ပအိုဝ်းအမျိုးသားနေ့ (ဒဲဉ်သီးလာဗွေ)အခမ်းအနားကို လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းနှင့် ပင်လုံမြို့ မင်္ဂလာနောင်ကွတ်ကျောင်းတို့တွင် ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ အကြိမ်(၇၀)မြောက်ပအိုဝ်းအမျိုးသားနေ့ (ဒဲဉ်သီးလာဗွေ)အခမ်းအနားကို ခရိုင်အုပ်ချုပ်ရေးမှူး ၊ မြို့နယ်အုပ်ချုပ် ရေးမှူး ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှင့် ခရိုင်ရဲမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ က ပအိ်ုးအမျိုးသားအဖွဲ့ချုပ်မှပေးပို့သည့်သဝဏ်လွှာ နှင့် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှပေးပို့သည့်သဝဏ်လွှာများကိုဖတ်ကြားသည်။
ဆက်လက်ပြီး အခမ်းအနားအပြီးတွင် ထူးချွန်ဆုရ ကျောင်းသူ ကျောင်းသားများကို ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်းသိရသည်။
မိုးလွင်ဦး(လွိုင်လင်)