ရန်ကုန် ၂၀ မတ်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Blue Sky Team မှ ကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ရော်ဘာလှေသုံးစီးနှင့် Safety Kit များ ပေးအပ်လှူဒါန်းပွဲကို မတ် ၁၉ ရက်က မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကိုကို ၊ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ဥက္ကဌ ဦးစိန်ဝင်းအောင်နှင့်အလုပ်အမှုဆောင်များ တက်ရောက်ကြ ကြောင်းသိရှိရသည်။
အောင်သူရ


