ပုသိမ် ဖေဖော်ဝါရီ ၃
2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Ayeyarwady Women Football Club-Cham-pion က ဆုဖလားအပ်နှံခြင်းကို ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဘောလုံးဝါသနာရှင် ပြည်သူ များက Ayeyarwady Women Football Club-Champion အသင်းကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ဆုဖလားအပ်နှံသည်။
ယင်းနောက် ဧရာဝတီ FC အမျိုးသမီးဘောလုံးအသင်းနှင့် ဧရာဝတီ Training Centre အမျိုးသမီးဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


