မန္တလေး ၂၀  မတ် 

မန္တလေးမြို့ အမရပူရမြို့နယ် မန္တလေး-ရန်ကုန်အမြန်လမ်းမ မိုင်တိုင်၃၆၁ အနောက်ဘက်၌ တည်ထား ကိုးကွယ်တော်မူသည့် ကမ္ဘာ့ပထမဦးဆုံး ဝေရောစန ကျောက်စိမ်းစေတီတော်မြတ်ကြီး၏ စတုထ္ထ အကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ၁၀ပေါက်တန်း အမျိုးသားဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲများနှင့် ၆ပေါက်တန်း အမျိုးသား ဝိုင်းဖွဲ့ ခြင်းလုံးခတ်ပြိုင်ပွဲများ၊  ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ကျောက်စိမ်းစေတီတော်မြောက်ဘက်မုခ်ဦးရှေ့အားကစားကွင်း၌ကျင်းပရာမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။ 

 

111

 

အဆိုပါစေတီတော် စတုထ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲများ၊ ဝိုင်းဖွဲ့အလှခတ်ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို မတ်၂၀ ရက်မှ၂၄ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ပွဲတော်ကာလအတွင်း မြို့မတူရိယာတေးဂီတအဖွဲ့မှတီးဝိုင်းဖြင့် ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)