ကျုံပျော် ဖေဖော်ဝါရီ ၈

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ် စီမံခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် နံနက် ၉ နာရီက မြို့နယ်ဧရာမင်းခန်းမတွင် ပြုလုပ်သည်။

 

ဦးစွာ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ကအမှာစကား ပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက လူမှုဝန်ဆောင်မှု၊ တိုင်းရင်းသားရေးရာနှင့် TA/LT ခန့်ထားခြင်းဆိုင်ရာ ကိစ္စရပ်များပြောကြားပြီး တက်ရောက်လာသည့် ကရင်တိုင်းရင်း သားလူမျိုးများထံမှ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)