ဂန့်ဂေါ ဖေဖော်ဝါရီ ၉

 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်း၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးသန်းထက်အောင် ဦးဆောင်သည့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များသည် ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးရှေ့၌ ဖြန့်ဝေသည်။

 

အသိပညာပေးပြောကြား                                                   

 

အဆိုပါ  မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်တွင် မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ဆောင်ရွက်ရ မည့်အချက်များ၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် စနစ်တကျ ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်ကျွမ်းမှုဖြစ်ပွားလျှင် ဆောင်ရွက် ရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းများနှင့် မီးလောင်မှု ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များ ပါဝင် ကာ ဈေးရောင်း/ ဈေးဝယ်သူများနှင့် အများပြည်သူများအား အသိပညာ ပေးပြောကြား၍ မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင် ၂၀၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မောင်မျိုးမင်း