သာယာဝတီ ဖေဖော်ဝါရီ ၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် မကျီးကွင်းကျေးရွာ၊ အနောက်ရေတွင်းကုန်းကျေးရွာနှင့် ကန်ကလေးကျေးရွာအနီးရှိ လယ်/ယာများတွင်ရိုးပြတ်များနှင့် ကန်သင်းပေါင် မီးရှို့ခြင်းတို့ကြောင့် Fire Hotspot ဖြစ်ပေါ်၍ မီးခိုးမြူငွေ့ထွက်ရှိမှု ဖြစ်ပွားခဲ့သည့်နေရာသို့ ဖေဖော်ဝါရီ ၅ ရက်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပါဝင်သော Fire Hotspot ဖြစ်ပေါ်စေသော အကြောင်းရင်းများ ရှာဖွေဖော်ထုတ်နိုင်ရေး ကွင်းဆင်း စစ်ဆေးရေးအဖွဲ့သည် Fire Hotsopt ဖြစ်ပေါ်သည့် နေရာများသို့ ကွင်းဆင်းစစ်ဆေးပြီး အလားတူဖြစ်စဉ်မျိုး မဖြစ်စေရန် ကျေးရွာသူ၊ ကျေးရွာသားများအား လက်ထောက်ညွှန်ကြားရေးမှူးက “မီးခိုးမြူငွေ့ဆိုင်ရာ သိကောင်းစရာများ”ခေါင်းစဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


