ဝမ်းတွင်း ဖေဖော်ဝါရီ ၉

 

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနက ဆီသယ်ယာဉ်များ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန် ယာဉ်များတွင် မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။

 

ကွင်းဆင်း စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း နှင့် တပ်ဖွဲ့ဝင်များက မြို့နယ် အတွင်းရှိ ဆီသယ်ယာဉ်များနှင့် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မြို့နယ်အတွင်း ဖြတ်သန်းသွားလာလျက်ရှိသော ဆီသယ်ယာဉ်များတွင် မီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးပြီး ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များ အသိပညာပေးခြင်းနှင့် ယာဉ်များပေါ်တွင် မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဖြည့်ဆည်းဆောင်ရွက် ထားကြရန်တို့ကို အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုအောင်