သထုံ ဖေဖော်ဝါရီ ၉
မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာရှိ ကွန်ပျူတာ တက္ကသိုလ်(သထုံ)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ စုပေါင်း ဈေးရောင်းပွဲတော်ကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ကြည့်ရှုအားပေး
ဦးစွာ ကွန်ပျူတာတက္ကသိုလ် (သထုံ) ပါမောက္ခချုပ် ဒေါက်တာ နီလာသိန်းနှင့် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ကထိက ဌာနမှူးများက ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ အသင်းအလိုက် ဖွင့်လှစ်ရောင်းချသည့် စားသောက်ဆိုင်ခန်းများကို လိုက်လံကြည့်ရှု အားပေးပြီး ပွဲတော်အား ဖွင့်လှစ်ပေးကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ဆရာ ဆရာမများ၊ မွန်၊ ကရင် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ များ၊ ပထမနှစ်၊ ဒုတိယနှစ် တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် တို့မှ ကျောင်းသား ကျောင်းသူ အသင်းများ စုစုပေါင်းအသင်း ၁၀ သင်းတို့က အချိုရည်၊ ဘူးသီးကြော်၊ သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ မစ်ရှိတ်စသည့် စားသောက် ဖွယ်ရာမျိုးစုံတို့ကို ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


