လပွတ္တာ  ဖေဖော်ဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ နေသူရိန်အားကစားကွင်းရှေ့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။ 

 

မြေစိုက်ပိုစတာစိုက်ထူ

 

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အမှာစကားနှင့် အမျိုးသားရေး ဦးတည်ချက်(၅)ရပ်အား ရှင်းလင်း ပြောကြားသည်။ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)