ဖေဖော်ဝါရီ ၁၀

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် ယနေ့နံနက်ပိုင်းက ရေနံသိုလှောင်ကန်ပေါက်ကွဲမှုအပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ယွန်ဟပ်သတင်းဌာန၏ပြောကြားချက်အရ သိရသည်။

အဆိုပါပေါက်ကွဲမီးလောင်မှုသည် ဆိုးလ်မြို့၏ အရှေ့တောင်ဘက် ၂၅၀ ကီလိုမီတာခန့်အကွာ Gyeongsan ရှိ ပြင်ပ ရေနံတိုင်ကီ သိုလှောင်ရုံတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုမီးလောင်မှုများသည် ရေနံသိုလှောင်ကန်ပေါက်ကွဲမှုမှ စတင်ခဲ့သော်လည်း မီးငြိမ်းသွားခဲ့ပြီး လက်ရှိတွင် မီးခိုးများ ထွက်ပေါ်နေကြောင်းနှင့် ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို