မလှိုင်    ဖေဖော်ဝါရီ    ၁ဝ

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ မြို့နယ်စည်ပင်သာယာမြို့မ စျေးကြီးတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇေယျာအောင်   ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦးက စျေးသူ စျေးသားများ၊    စျေးအကျိုးတော်ဆောင်အဖွဲ့ဝင်များအား မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုလေ့ကျင့်ပေးခြင်း၊  မီးငြှိမ်းသတ်ရေးယာဉ်ဖြင့်    မီးငြှိမ်းသတ်ခြင်း လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့မွန်းလွဲ ၂ နာရီက ဆောင်ရွက်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်အောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒေါ်နွယ်နီထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။    

ခရိုင်(ပြန်/ဆက်)