အောင်လံ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ်(၂)စျေး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထက်ဇော်မင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးမျိုးဝင်းနှင့် စျေးကော်မတီဝင်များ၊ စျေးမီးဘေး ကြီးကြပ်မှုအဖွဲ့များ ပူးပေါင်း၍ စျေးအတွင်း တပ်ဆင်ထားသည့် မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့် အသုံးပြုနိုင်မှုအခြေအနေများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအစီအမံများကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုခန့်


