အဒစ္စအဘာဘာ   ဖေဖော်ဝါရီ   ၁၁

 

အာဖရိက၏ ထိပ်တန်းလေကြောင်းလိုင်းဖြစ်သော  အီသီယိုးပီးယားလေကြောင်းလိုင်းသည် ၂၀၂၅ ခုနှစ် ဇူလိုင် ၈ ရက်က  စတင်ခဲ့သော   အီသီယိုးပီးယား ဘဏ္ဍာနှစ်     ပထမခြောက်လတာ   ကာလအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄ ဘီလီယံရရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

 

အီသီယိုးပီးယားနိုင်ငံ၏       မြို့တော်      အဒစ္စအဘာဘာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌   အီသီယိုးပီးယား    လေကြောင်းလိုင်းအုပ်စု၏  အမှုဆောင်အရာရှိချုပ် မက်စ်ဖင်တာဆူးက အဆိုပါ ဝင်ငွေသည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ် လျှင် ၁၄ ရာခိုင်နှုန်း မြင့်တက်မှုရှိကြောင်း ပြောကြားသည်။

 

အီသီယိုးပီးယားလေကြောင်းလိုင်းသည် ဝင်ငွေပိုမိုရရှိခြင်း၊   နိုင်ငံတကာကွန်ရက်များ   တိုးချဲ့ခြင်း၊ ခရီးသည် နှင့် ကုန်စည်ဝန်ဆောင်မှုများ တိုးမြှင့်ခြင်း၊ ခေတ်မီလေယာဉ်များ      ထပ်မံပေါင်းထည့်ခြင်းတို့ကြောင့်   ဖွံ့ဖြိုးတိုးတက်မှု   လမ်းကြောင်းပေါ်တွင် ဆက်လက်တည်ရှိနေခြင်းဖြစ်ကြောင်း တာဆူးက ဆက်လက်ပြောကြားသည်။

 

စီအီးအို၏ ပြောကြားချက်အရ အဆိုပါအမျိုးသား လေကြောင်းလိုင်းသည် လေယာဉ်အစင်း ၁၇၀ ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊    ယင်းကာလအတွင်း စုစုပေါင်း ပျံသန်းပြေးဆွဲမှု နာရီပေါင်း ၃၃၃ ၆၀၀  ရှိခဲ့ပြီး  နိုင်ငံတကာခရီးစဉ်ပေါင်း  ၁၄၅  ခု ကျော်ကို ခရီးသည် ၁၀ သန်းကျော်အား ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။   

 

ဆင်ဟွာ