အစ္စလာမ်မာဘတ် ဖေဖော်ဝါရီ ၁၃
ပါကစ္စတန်နိုင်ငံက ပြည်တွင်း၌ တီထွင်ဖန်တီးပြုလုပ်ထားသည့် Taimoor ဝေဟင်ပစ် ခရုဇ် ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုံးကျည်စနစ်သည် ကီလိုမီတာ ၆၀၀ အကွာအဝေး၌ရှိသည့် ကုန်းမြေနှင့် ပင်လယ်အတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိကြောင်း ပါကစ္စတန်တပ်မတော်က ပြောကြားသည်။
ခေတ်မီသော နည်းပညာများအပါအဝင် လမ်းကြောင်းပြခြင်းနှင့် လမ်းညွှန်စနစ်များ တပ်ဆင်ထားသည့် အဆိုပါ ဝေဟင်ပစ် ခရုဇ်ဒုံးကျည်သည် အလွန်နိမ့်သောနေရာတွင် ပျံသန်းနိုင်ရန် ဒီဇိုင်းထုတ်ထားပြီး လေကြောင်းနှင့် ဒုံးကျည်ကာကွယ်ရေးစနစ်များကို ထိရောက်စွာ ရှောင်ရှားနိုင်စေကြောင်းလည်း သိရသည်။
ဒုံးကျည်၏ တိကျစွာ ပစ်ခတ်နိုင်စွမ်းသည် ပါကစ္စတန်လေတပ်၏ သမားရိုးကျ အဟန့်အတားနှင့် စစ်ဆင်ရေးကို သိသာထင်ရှားစွာတိုးမြင့်စေပြီး နိုင်ငံ၏ အလုံးစုံကာကွယ်ရေး အနေအထားကို ပိုမို အားကောင်းစေမည်ဖြစ်ကြောင်း ပါကစ္စတန်တပ်မတော်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


