ပေကျင်း ဖေဖော်ဝါရီ ၁၅
တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော်ခရီးသွားလာမှု ပိုမိုအဆင်ပြေချောမွေ့စေရန်ရည်ရွယ်ပြီး ၎င်း၏ ဗီဇာ ကင်းလွတ်ခွင့်မူဝါဒကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအား သက်တမ်းတိုးလက်ခံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့ပြောကြားခဲ့သည်။
နှစ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန် ဗီဇာကင်းလွတ်ခွင့်နှင့် စီးပွားရေးဆိုင်ရာ ခရီးသွားလာမှု၊ မိသားစုနှင့် မိတ်ဆွေများထံ သွားရောက် လည်ပတ်မှုတို့အတွက် ရက်ပေါင်း ၃၀ အထိ နေထိုင်နိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
အဆိုပါမူဝါဒသည် ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


