မော်လမြိုင် ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကွမ်ရိုက်၊ တော်ကနာကျေးရွာ ပဗ္ဗတမင်္ဂလာရုံ ကျောင်းတွင် ဆင်ယင်ကျင်းပသည့် ဓမ္မယုတ္တိ က နိကာယ (မဟာရင်ဂိုဏ်း) နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ(၁၂၇)ကြိမ်မြောက် ဓမ္မဝိနယစာပြန်ပွဲတော်ကြီးကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ် ကွမ်ရိုက်၊ တော်ကနာကျေးရွာ ပဗ္ဗတမင်္ဂလာ ရုံကျောင်း၌ ကျင်းပသည်။
ဦးစွာ ဓမ္မယုတ္တိကနိကာယ (မဟာရင်ဂိုဏ်း) နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်နှင့် မဟာရင်ဂိုဏ်း လုံးဆိုင်ရာ(၁၂၇)ကြိမ်မြောက် ဓမ္မဝိနယ စာပြန်ပွဲတော်ကြီးကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ဆရာတော်အရှင်သူမြတ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒုတိယပိုင်း အခမ်းအနားကို ကျင်းပရာ နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဒရယ်ရွာ မင်္ဂလသုခဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နဝကမ္မ အလှူတော်ငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သံဃာတော် အရှင်သူမြတ်များထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မော်လမြိုင်မြို့နယ် ကတိုးကျေးရွာ မဟာရင် ကျောင်းဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် အပေါင်းတို့က လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူ ကြည်ညိုပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)


