ကော့မှူး ဖေဖော်ဝါရီ ၁၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဒေါက်တာ ထွန်းမြင့်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စန်းစန်းအေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း ကော့မှူးမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပျဉ်းကတိုး-ချောင်းဝလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေး မှာကြားသည်။
ပိုမိုမြင့်မားလာမည်
အဆိုပါ ပျဉ်းကတိုး - ချောင်းဝ လမ်းအရှည် ပေ ၂၆၄၀၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မ ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာသူ ကျေးရွာသားများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးအစရှိသည့် လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)


