သရက် ဖေဖော်ဝါရီ ၁၇

 

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်း စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူး လက်တွေ့အသုံးပြု ငြှိမ်းသတ်လေ့ကျင့်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးချိုစက်သုံးဆီအရောင်းဆိုင်၊ AY စက်သုံးဆီအရောင်းဆိုင်နှင့် ထူးစတား စက်သုံးဆီအရောင်းဆိုင်တို့ကို ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်သုံးဆီဆိုင်အတွင်း မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကိုစစ်ဆေးပြီး မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ ပြည့်စုံစွာထားရှိရန်၊ မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသည့် မီးဘေးလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး အမြှုပ်လုပ်ပိုက်ခေါင်းဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

 မြို့နယ်(ပြန်/ဆက်)