ဘုတ်ပြင်း ဖေဖော်ဝါရီ ၁၇
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘုတ်ပြင်းလေဆိပ် အဆောက်အအုံအသစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂) ကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် သဘာဝစိမ့်စမ်းရေသွယ်တန်း၍ မြို့ရေပေးဝေရေး လုပ်ငန်းများဖြစ်သည့် ရေသန့်စင်စနစ်အတွင်း ပိုက်လိုင်းသွယ်တန်းခြင်း၊ ရေကြည်စုကန်၊ သဲစုကန်၊ ရေစစ်ကန်၊ ရေစုကန်၊ ရေသန့်စင်စက်ရုံ အဆောက်အအုံနှင့် ရေပေးဝေရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်အရည်အသွေးစံနှုန်းနှင့်အညီ အချိန်မီပြီးစီးရေး မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ရွှေဘုံသာရပ်ကွက်၌ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် Lot-7 ဝန်ထမ်းအိမ်ရာ ခြောက်ခန်းတွဲ လေးထပ်အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဘုတ်ပြင်းမြို့နယ် ကရိုင်တိုင်ကျေးရွာရှိ သီရိမင်္ဂလာတပ်ဦးကျောင်းနှင့် ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဓမ္မဝိဇယ ပရိယတ္တိစာသင်တိုက်တို့ရှိ ဆရာတော် သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ သွားရောက်ဆက်ကပ် လှူဒါန်းပြီး အောင်မင်္ဂလာရပ်ကွက် ခရိုင်တရားရုံးမြေနေရာ ၂ ဒသမ ၆ ဧက မြေဖို့ခြင်းနှင့် ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)


