ဗီယင်ကျန်း  ဖေဖော်ဝါရီ  ၁၇

ဝန်ဆောင်မှုဆိုင်ရာ အဆင့်အတန်းများမြှင့်တင်ရန်နှင့်   အစိုးရပိုင်အဆောက်အအုံများသို့   လူနာများ ပိုမိုလာရောက်ရန်  ဆွဲဆောင်သည့်အနေဖြင့် လာအိုကျန်းမာရေးဝန်ကြီးဌာနသည် အစိုးရဆေးရုံများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများအဖြစ် အသွင်ပြောင်းရေး   အရှိန်မြှင့်ဆောင်ရွက် လျက်ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနသည်  လူနာအားလုံးအတွက်  ဝန်ဆောင်မှုများမြှင့်တင်ရန်၊   လိုအပ်သော စွမ်းအားအရင်းအမြစ်များကို      ပိုမိုထိရောက်စွာသုံးနိုင်ရန်၊     အရေးကြီးပုဂ္ဂိုလ်များနှင့်   သီးသန့်လူနာများကို  ပိုမိုနွေးထွေးစွာ  ကြိုဆိုအားပေးရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

ယင်းပြုပြင်ပြောင်းလဲမှုက  ဆေးရုံများကို ဝန်ထမ်းများ၊ ငွေကြေးဆိုင်ရာလုပ်ငန်းလည်ပတ်မှုများနှင့် စီမံခန့်ခွဲမှုကဏ္ဍအပေါ်  ပိုမိုလုပ်ဆောင်ခွင့်ပေးခြင်းဖြင့်    ဝန်ဆောင်မှုအရည်အသွေးနှင့်   စီမံခန့်ခွဲမှုစွမ်းဆောင်ရည်ကို  မြှင့်တင်ပေးမည်ဖြစ်သည်။

ဆေးရုံကိုယ်ပိုင်အုပ်ချုပ်ခွင့်သည်   စီမံခန့်ခွဲမှုအဖွဲ့များအား ပိုမိုမြန်ဆန်သော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ   ဆုံးဖြတ်ချက်များချမှတ်စေနိုင်ပြီး  ရောဂါရှာဖွေခြင်းနှင့်   ကုသခြင်းအတွက်  လိုအပ်သောရင်းမြစ်များကို ပိုမိုထိရောက်စွာခွဲဝေပေးနိုင်မည်ဖြစ်ကာ လူနာများ၏ လိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။

ဆင်ဟွာ