တိုက်ကြီး ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ မြို့နယ်ပရိယတ္တိ ပြန့်ပွားရေးအဖွဲ့ အနေဖြင့် သာသနာတော်၏ မူလဘူတဖြစ်သော ပရိယတ္တိသာသနာတော် စည်ပင်ပြန့်ပွားစေရန် ရည်ရွယ်၍ ပါဠိပထမပြန်စာမေးပွဲ၏ အထောက်အကူဖြစ်သော ပရိယတ္တိပြန့်ပွားရေး စာမေးပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ (၃၄)ကြိမ်မြောက် စာမေးပွဲကို မြို့နယ်သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ဆက်ကပ်လှူဒါန်း
တိုက်ကြီးမြို့နယ် ပရိယတ္တိ ပြန့်ပွားရေးအဖွဲ့ကြီးက ကြီးမှူးကျင်းပသော အဆိုပါ စာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ အခြေပြု မူလအငယ်တန်း၊ အခြေပြု မူလအလတ်တန်း၊ အခြေပြုမူလအကြီးတန်း၊ ဝိနယတန်းတို့မှ သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၂၁၈ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိကြပြီး စာမေးပွဲဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် စာမေးပွဲကြီးကြပ်သည့် ဆရာတော်သံဃာတော်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့် ဇနီးမိသားစုတို့က ဝတ္ထုငွေများ၊ အချိုရည်နှင့် ရေသန့်တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


