မြို့သစ် ဖေဖော်ဝါရီ ၁၇

 

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကကြီးမှူး၍ အခြေခံ ပန်းချီရေးဆွဲနည်း သင်တန်းကို မတ် ၁ ရက်မှစတင်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

 

သင်တန်းတွင် မြို့နယ်စာအုပ် စာစောင်ချစ်မြတ်နိုးသူ အသင်း (Book Club) အဖွဲ့ဝင်ဖြစ်သည့် ပန်းချီဆရာ ဦးတင်မောင်ဝင်းက သင်တန်းနည်းပြအဖြစ် ဆောင်ရွက်ကာ အခြေခံပန်းချီရေးဆွဲရာတွင် ပါဝင်ရမည့်အချက်များ၊ ပန်းချီရေးဆွဲမည့် ပုံစံအမျိုးမျိုး၊ အရောင်ခြယ် ပုံခြယ်နည်း၊ အလင်းအမှောင်နှင့် ပန်းချီရေးဆွဲနည်းဆိုင်ရာ အကြောင်းအရာများကို မတ် ၁ ရက်မှ ၃၁ ရက်အထိ အခြေခံပညာ မူလတန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ဝင်းအိဇွန်(ပြန်/ဆက်)