ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၇
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းက ကြီးမှူး၍ လူမှုကူညီရေးအသင်းအဖွဲ့များမှ အသင်းသား အသင်းသူများနှင့် ဆရာ ဆရာမများ စုစုပေါင်း ၂၅ ဦးအား ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းတွင် ပြင်ဦးလွင်လူမှုကူညီရေးအသင်း၊ သန္တိသုခ လူမှုကူညီရေးအသင်းအပါအဝင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး/ ကျေးရွာများမှ လူနာတင်ယာဉ်ဖြင့် လူမှုကူညီရေးများ ဆောင်ရွက်ပေးနေသော အသင်းအဖွဲ့များမှ အသင်းဝင်များ၊ စေတနာရှင်များ၊ ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ ဆရာမများအား ရှေးဦးသူနာပြုစုနည်းများကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းမှ ထူးချွန်ကြက်ခြေနီ၊ နည်းပြများက စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးလျက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


