ကျောက်ဆည် ဖေဖော်ဝါရီ ၁၇

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစုံ လျာထားစိုက်ပျိုးရာ၌ မင်းရဲစိုက်ပျိုးရေး နည်းပညာပေး ရှေ့တန်းစခန်းအောက်ရှိ ကျေးရွာအုပ်စု ၁၁ အုပ်စု၌ နွေစပါး ၂၄၄၇ ဧကလျာထား စိုက်ပျိုးသွားမည် ဖြစ်သည်။

 

ထိုသို့ လျာထားစိုက်ပျိုးရာတွင် တောင်နောက်ကျေးရွာအုပ်စု၌ ဧက ၁၄၀၊ သင်တောင်းကျေးရွာ အုပ်စု၌ ၄၃၇ ဧက၊ အင်တိုင်း ကျေးရွာအုပ်စု၌ ၃၇၈ ဧက၊ ကြက်မင်းတွန် ရပ်ကွက်/ကျေးရွာ အုပ်စု၌ ၁၀ ဧက၊ ဖောင်ရွာ ရပ်ကွက်/ ကျေးရွာအုပ်စု၌ တစ်ဧက၊ ပတ္တာ ကျေးရွာအုပ်စု၌ ၆၅၁ ဧက၊ ပင်တလည်ကျေးရွာအုပ်စု၌ ၅၇၃ ဧက၊ ပြည်ပန်းကျေးရွာအုပ်စု၌ ၁၈၅ ဧက၊ မြင်းကဘက်ကျေးရွာ အုပ်စု၌ ဧက ၄၀၊ မုန့်ပေါင်းကျေးရွာ အုပ်စု၌ ဧက ၂၀ လက်ပံဇင် ကျေးရွာအုပ်စု၌ ၁၂ ဧက စုစုပေါင်း ၂၄၄၇ ဧက စိုက်ပျိုးရန် လျာထားသည်။

 

လျာထား နွေစပါးသီးနှံများ ပြည့်ဝကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စပါးပျိုးထောင်ရေများကို ရေပေးဝေရေး မြောင်းများအလိုက် အလှည့်ကျ စတင်ပေးဝေလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)