မင်းဘူး ၂၁ မတ်        


မင်းဘူး မတ် ၂၀ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မင်းဘူးမြို့နယ် အပူပိုင်းဒေသ သိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်(တတိယနှစ်) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း(၁၀ဝ၀)ဧက ဓမ္မတာ မျိုးဆက်ခြင်း လုပ်ငန်းမှ ထွက်ရှိသော ထင်း (၅.၇ )တန်အား ဒေသခံ ပြည်သူများထံ မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ 


အခမ်းအနားတွင် မင်းဘူးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဘိုက အဖွင့်အမှာစကား ပြောကြားပြီး  မင်းဘူးခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး   ဦးစိုးဝင်းအေးက ထင်းအခမဲ့ ဖြန့်ဝေရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက မိမိတို့ဒေသရှိ သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် သစ်တောပြုန်းတီးမှု အန္တရာယ်ကာကွယ်ရေး ထင်းအစားထိုး လောင်စာများ အသုံးပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက တဲကုန်းကျေးရွာရှိ အိမ်ထောင်စု (၁၁) စုအား ထင်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


"ကျွန်တော်တို့လေးပင်-အိုင်းမကြိုးပြင်ကာကွယ်တောမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍနှစ်(တတိယနှစ်) သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်း(၁၀ဝ၀)ဧက ဓမ္မတာ မျိုးဆက်ခြင်း လုပ်ငန်းမှ ထွက်ရှိသော ထင်း ၅.၇ တန်ကို ဒေသခံကျေးရွာဖြစ်တဲ့ တဲကုန်းကျေးရွာမှ အိမ်ထောင်စု ၁၁ စုကို ပေးအပ်ခဲ့တာပါ၊ သစ်တောထိန်းသိမ်းစောင့်ရှောက်နည်းတွေကိုလည်း အသိပညာပေး ဟောပြောခဲ့ပါတယ်၊ ယခုလို ဆောင်ရွက်တဲ့အတွက် သစ်တော ပြုန်းတီးမှုကိုတစ်ဖက်တစ်လမ်းက ကာကွယ်နိုင်မှာဖြစ်ပြီး ရာသီဥတု မှန်လာမှာ ဖြစ်သည့်အတွက် တောင်သူတွေ အနေနဲ့ ယာထွက်သီးနှံတွေ ပိုမိုရရှိ လာမှာဖြစ်ပါတယ်" မင်းဘူးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဘိုက ပြောပြသည်။ 


"ကျွန်တော်တို့ ရွာကနေ မနက်က လှည်း၁၀စီးနဲ့ လာထင်းတွေ လာရောက်ထုတ်ယူကြတာပါ၊ ယခုလို ထင်းတွေ အခမဲ့ ဖြန့်ဝေပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပုဂ္ဂိုတွေက အသိပညာပေးတဲ့အတွက် ဗဟုသုတတွေ ရရှိခဲ့ပါတယ်" ဟု ထင်းလာရောက်ယူဆောင်သည့် ဒေသခံပြည်သူ တစ်ဦးက ပြောသည်။ 


အဆိုပါ အခမ်းအနားတွင် မင်းဘူးခရိုင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းအေး၊မင်းဘူးမြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဘို၊ မင်းဘူးခရိုင် ပြန်/ ဆက် ဦးစီးမှူး ဦးသန်းဌေးတို့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေး ခြင်းများ လက်တွေသရုပ်ပြခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။


မျိုးမြတ်(မင်းဘူး)