၂၁ မတ်

 

အဖရိကတောင်ပိုင်းရှိ နိုင်ငံသုံးနိုင်ငံမှာ တိုက်ခိုက်သွားတဲ့ ဆိုင်ကလုန်း အိုင်ဒိုင်းဒဏ်ခံရသူတွေ လူသားချင်းဆိုင်ရာ အကူအညီပေးရေးမှာ အခက်အခဲများ ဆက်လက်ရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ 

 

mdn

 

မိုဇမ်ဘစ်၊ ဇင်ဘာဘွေ နှင့် မာလဝီ နိုင်ငံ သုံးနိုင်ငံကို ဆိုင်ကလုန်း တိုက်ခိုက်ပြီးတာ ၅ ရက်ရှိပြီဖြစ်ပါတယ်။ ဆိုင်ကလုန်းကြောင့် လူပေါင်း ၃၀ဝ ကျော်သေဆုံးပြီး သိန်းချီတဲ့လူတွေဟာ အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

 

ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ (IFRC) အဖွဲ့ရဲ့ ပြောခွင့်ရသူ ကာရိုလိုင်းဟာဂါ က ထောင်ချီတဲ့လူတွေဟာ အိမ်ခေါင်မိုးတွေနဲ့ သစ်ပင်တွေပေါ်မှာ ကယ်ဆယ်ရေးကို စောင့်နေကြပါတယ်။ အကူအညီရဖို့ အဲဒီလူတွေစောင့်နေတာ သုံးရက်ကျော်သွားပြီ။ အချိန်ကလည်း ကုန်လွယ်လိုက်တာ။ လူတွေအားလုံးကို ကယ်ဆယ်ဖို့ဆိုတာ မဖြစ်နိုင်သေးတော့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ဒဏ်ရာရထားသူတွေကို အဓိကထား ကယ်ဆယ်နေရတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။ 

 

mdn

 

ကုလသမဂ္ဂကတော့ လာမယ့် သီတင်းပတ်မှာ လူခြောက်သိန်းကို ကူညီနိုင်ရေးကို လုပ်ဆောင်နေကြောင်း သိရပါတယ်။

 

မိုဇမ်ဘစ်နိုင်ငံတစ်နိုင်ငံတည်းမှာ လူပေါင်း ၂၀၂ ဦး အထိ သေဆုံးကြောင်း နဲ့ လူပေါင်း ၃ ဒသမ ၅ သိန်းလောက်က အရေးပေါ်အကူအညီလိုနေကြောင်း အင်္ဂါနေ့က ရရှိတဲ့သတင်းကို အခြေခံပြီး မိုဇမ်ဘစ် သမ္မတက ပြောပါတယ်။  

 

ဇင်ဘာဘွေ နိုင်ငံမှာတွေ သေဆုံးသူ ၁၀ဝ ဦးကို အတည်ပြုထားပေမယ့် ၃၀ဝ လောက်အထိ တက်သွားနိုင်ကြောင်းနဲ့ လူ ၁ ဒသမ ၅ သိန်းလောက်က အကူအညီလိုနေပါတယ်။

 

mdn

 

မာလဝီနိုင်ငံမှာတော့ လူ ၁ သိန်းလောက်ဟာ ဆိုင်ကလုန်းဒဏ်ခံခဲ့ရပေမယ့် လူပေါင်း ရှစ်သောင်းလောက်က နေအိမ်ကို စွန့်ခွာခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ 

 

MDN
ကိုးကား - AFP