ပုသိမ် ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ရွှေမြင်တင်ကျေးရွာ ကျောင်းလမ်း ၅ ဒသမ ၅ ဖာလုံကတ္တရာလမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပပြုလုပ်မည့် ပုသိမ်မြို့နယ် မရမ်းချောင်းကျေးရွာကွင်းသို့ သွားရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်းနှင့် သီးပင်စားပင်များဖြစ်သည့် သခွား၊ ဘူး၊ ကန်စွန်း၊ ငရုတ်၊ မုန်လာဥ၊ ချဉ်ပေါင်၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီ၊ သခွား၊ မုန်လာဥ၊ သင်္ဘော စသည့်စိုက်ခင်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုတစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများကိုပါ တောင်သူများအား အသိပညာပေးပြသနိုင်ရေးနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ အမှိုက်များ ကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းအတွင်းတွင် ဖူဆယ်အားကစားရုံ ပေ(၁၅၀ x ၁၁၀ ) အဆောက်အအုံဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အဆောက်အအုံ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးကိုလည်း အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ ကန်သုံးဆင့်အပန်းဖြေယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး မြက်ခင်းများစိမ်းလန်းစိုပြည်စေရေး၊ ပန်းခြံစိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်၊ ပန်းပင်များ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် ပြည်သူများ စိတ်အေးချမ်းစွာ အပန်းဖြေအနားယူနိုင်ရေး၊ ပန်းခြံစဉ်ဆက်မပြတ် စိမ်းလန်းစိုပြည်စေရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


