ပေါက်ခေါင်း ဖေဖော်ဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် စာစစ်ဌာနများနှင့် စက်သုံးဆီအရောင်ဆိုင်များအား စစ်ဆေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးသူအောင်က စက်သုံးဆီဆိုင်များ၌ အရေးပေါ် မီးလောင်ကျွမ်းမှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် လုပ်ငန်းများကို စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများနှင့် ဝန်ထမ်းများအား ရှင်းလင်းပြောကြားပြီး ရေကန်များဆောင်ရွက် ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများ ထားရှိဆောင်ရွက် ထားမှုအခြေအနေများ၊ မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေး ဆောင်ရန်/ရှောင်ရန်များနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


