တိုကျို  ဖေဖော်ဝါရီ  ၁၈

ဖေဖော်ဝါရီ ၁၈ ရက်တွင် ဂျပန်နိုင်ငံမြောက်ပိုင်း   ဟော့ကိုင်းဒိုးခရိုင် ဆပ်ပိုရိုမြို့ အဆောက်အအုံ တစ်လုံး၏ခေါင်မိုးပေါ်မှ ဆီးနှင်းများဖယ်ရှားရှင်းလင်းနေစဉ် ခေါင်မိုးပေါ်မှ ပြုတ်ကျပြီး အမျိုးသား သုံးဦး  ဆီးနှင်းအောက်နစ်မြုပ်ခဲ့ကြောင်းနှင့် အမျိုးသားသုံးဦးအနက် တစ်ဦးမှာ အသက် ၆၀ ကျော် အရွယ်ဖြစ်သည်ဟု ဒေသတွင်းမီဒီယာများ၌ ဖော်ပြထားသည်။

မီးသတ်သမားများက အရေးပေါ်ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီးနောက် အမျိုးသားသုံးဦးကို ကယ်တင်နိုင်ခဲ့ပြီး   ၎င်းတို့အနက် တစ်ဦးမှာ သတိလစ်မေ့မြောလျက်ရှိသောကြောင့် ဆေးရုံသို့ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။ ကျန်ရှိသည့် နှစ်ဦးမှာ အသက် ၇၀ ကျော်အရွယ် အမျိုးသားများဖြစ်ကြသည်။

ဆပ်ပိုရိုမြို့ဒေသတစ်ဝိုက်ရှိ အပူချိန်သည် ဖေဖော်ဝါရီ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခန့်တွင် ၂ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့သည်။

အဆောက်အအုံသည် ကုမ္ပဏီတစ်ခုလုံး၏ သိုလှောင်ရုံဖြစ်မည်ဟု အာဏာပိုင်များက  ယုံကြည်ယူဆလျက်ရှိပြီး အဆိုပါဖြစ်စဉ်ကို စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဆင်ဟွာ