မြို့သစ် ဖေဖော်ဝါရီ ၁၈
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ စိုက်ပျိုးရေ ပေးဝေနေပြီဖြစ်သည်။
မြို့သစ်မြို့နယ်တွင် တောင်သူများ နွေစပါးနှင့် နွေသီးနှံ(နှမ်း)စိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက နတ်မောက်ဆည် ရေလှောင်တမံမှ ၆၀၁၄ ဧက၊ ပုလင်းဆည် ရေလှောင်တမံမှ ၇၄၆ ဧက၊ စွန်ဆည်ရေလှောင်တမံမှ ၂၁၅၈ ဧကနှင့် ဆဒ္ဒန်ဆည် ရေလှောင်တမံမှ ၉၅၈ ဧက စုစုပေါင်းနွေစပါး နှင့်နွေနှမ်းလျာထားဧက ၉၈၇၆ ဧကအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပေါ်တင့်ထံမှ သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)


