နေပြည်တော် ဖေဖော်ဝါရီ ၁၉
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၄ ရက်နှင့် ၇ ရက်တို့တွင် ကော့သောင်းမြို့နယ် ဇီဝစိုးကျွန်းအနီး၌ တရားဝင်ငါးဖမ်းခွင့် လိုင်စင်မရှိသည့် ငါးဖမ်းရေယာဉ် သုံးစင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး မြန်မာ့ပင်လယ်ပြင် ငါးလုပ်ငန်းဥပဒေအရလည်းကောင်း၊ ကော့သောင်းမြို့နယ် အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၆၀၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မြိတ်မြို့နယ် ကလွင်ကျေးရွာအုပ်စု ငွေပုလဲချောင်း ကမ်းအနီး၌ တရားမဝင် ပေါင် ၆၀ ဝင် မီးသွေးအိတ် ၇၃ အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၅၆၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၂၄၅၆၀ ကို သိမ်းဆည်းအရေး ယူဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် နှင့် ၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ငါးမှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၂၄၅၆၀) ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတား ဖြစ်ပေါ်စေပြီး လူမှုစီးပွားရေးကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ယင်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


