နေပြည်တော် ဖေဖော်ဝါရီ ၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင်နည်းလမ်း မျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ဖမ်းဆီးရမိ
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၇၀ ဒသမ ၆၃၈၆ တန်၊ သစ်မာ ၁၂ ဒသမ ၃၆၅၄ တန်၊ အခြား ၉၂ ဒသမ ၈၃၃၈ တန် စုစုပေါင်း ၁၇၅ ဒသမ ၈၃၇၈ တန်၊ ယာဉ်/ ယန္တရား လေးစီး၊ ပြစ်မှု ကျူးလွန်သူ ၁၉ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်


