ငဖဲ  ဖေဖော်ဝါရီ  ၂၀

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ငဖဲမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး၊ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်မှူး ဦးအောင်ကျော်မင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က စက်သုံးဆီများ၌ မီးသတ်ဆေးဘူး များထားရှိမှု၊  မီးချိတ်မီးကတ်၊ မီးရေအိုး၊ သဲများ စနစ်တကျထားရှိမှုနှင့် အရေးပေါ်မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့်လုပ်ငန်းများကို စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ခံများနှင့် ဝန်ထမ်းများအား ရှင်းလင်းပြောကြားပြီး ရေကန်များဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ၌ မီးသတ်ဆေးဘူးများထားရှိမှု အခြေအနေများ၊ မီးစနစ်တကျဂရုပြုသုံးစွဲရေး၊ ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်၍ သန့်ရှင်းရေး ဆောင်ရွက်ထားရှိရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးပြောကြားပြီး လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)