ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၁၉

 

ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးဇော်မိုးဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်စမ်းစမ်းအေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ကွမ်းခြံကုန်းမြို့နယ် ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး (ငွေလုံး ငွေရင်း)ရန်ပုံငွေဖြင့် ကုမ္ပဏီမှ ဆောင်ရွက်သည့် မဲဇလီစမ်း-သပြုစမ်းလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများအား လာရောက်ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး ပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ မဲစလီစမ်း-သပြုစမ်း လမ်းမှာ အရှည် ၄၄၀၉ ပေ၊ အကျယ် ၁၂ ပေ၊ ဒု ခုနစ်လက်မရှိပြီး လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ကျေးရွာများမှ ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် လူမှုစီးပွားဘဝများ ပိုမိုမြင့်မားသွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)