တိုက်ကြီး   ဖေဖော်ဝါရီ  ၂၀

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိအထူးကု ကွင်းဆင်းကုသပေးခြင်းကို ဖေဖော်ဝါရီ ၁၉ ရက်က ရွှေကံသာခန်းမတွင် ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မျက်စိရောဂါဝေဒနာရှင်လူနာ ၄၀၁ ဦးအား ကြည့်ရှုစစ်ဆေးပေးပြီး မျက်စိ အတွင်းတိမ်ခွဲစိတ်ရန် လိုအပ်သူ ၅၃ ဦး၊ မျက်စိမျက်မှန်စမ်းသပ်သူ ၂၁၁ ဦး၊ မျက်စိရောဂါဆေးပေးကုသသူ ၄၄ ဦး၊ အခြားရောဂါ ၉၃ ဦးတို့အား စစ်ဆေးကုသပေးခဲ့ပြီး မျက်စိဆေးရုံကြီးသို့ လွှဲပြောင်းကုသသူ ၈ ဦးနှင့် လူနာ ၂၁၁ ဦးအား အခမဲ့မျက်မှန်ထောက်ပံ့ပေးခဲ့သည်။

 

အဆိုပါ မျက်စိစမ်းသပ်ကုသပေးခြင်းကို ဗဟန်းအမျိုးသမီးဆေးရုံနှင့် မျက်စိအထူးကုဆေးရုံကြီး ရန်ကုန်မြို့မှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် တိုက်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဥက္ကံတိုက်နယ် ဆရာဝန်တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ် ခွဲစိတ်ကုသရန်လိုအပ်သော မျက်စိဝေဒနာရှင်များအား ဗဟန်းအမျိုးသမီးဆေးရုံ၌ အခမဲ့ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)