ဖေဖော်ဝါရီ ၂၀

ဂျာမနီနိုင်ငံ၏ နိုင်ငံပိုင်ရထားလမ်း Deutsche Bahn ကုမ္ပဏီက ၎င်း၏ကုန်တင်ကုန်ချလုပ်ငန်းခွဲတွင် အလုပ်အကိုင် ၆၀၀၀ ခန့်ကို လျှော့ချမည်ဟု ယမန်နေ့ကပြောကြားခဲ့ပြီး အကျိုးအမြတ်တိုးမြှင့်ရန်နှင့် အစိုးရရန်ပုံငွေများအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟု ဆိုသည်။

လက်ရှိပြန်လည်ဖွဲ့စည်းမှုအစီအစဉ်တွင် DB Cargo တွင် အလုပ်အကိုင် ၆၀၀၀ ခန့် လျှော့ချရန် မျှော်မှန်းထားသည်ဟု Deutsche Bahn ကုမ္ပဏီက ဘလော့ဂ်ပို့စ်တစ်ခုတွင် ပြောကြားထားသည်။

အရှုံးပေါ်နေသော DB Cargo သည် နိုင်ငံတော်အကူအညီစည်းမျဉ်းများအရ အီးယူ၏ စုံစမ်းစစ်ဆေးမှုနှင့်ရင်ဆိုင်နေရပြီး အောက်တိုဘာလတွင် တရားဝင်ဆုံးဖြတ်ချက်ချရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို