တောင်ကြီး ဖေဖော်ဝါရီ ၂၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ရှိ ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သမဝါယမလုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းဖွင့်ပွဲကို ဖေဖော်ရီ ၁၉ ရက်က ပြုလုပ်သည်။

 

ဦးစွာ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က အမှာစကားကြားသည်။

 

အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနမှ အမှုထမ်းဝန်ထမ်း ၃၃ ဦးဖြင့် သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းတွင် သမဝါယမစာရင်းရေး၊ စာရင်းကိုင်ပညာနှင့် ပတ်သက်သည့် သင်ခန်းစာများသင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၇ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝိုးတောင်း