လင်းခေး ဖေဖော်ဝါရီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနကကြီးမှူး၍ မြို့နယ်အဆင့် ရှာဖွေကယ်ဆယ်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၆)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်ဆုရရှိသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)


