မန္တလေး ဖေဖော်ဝါရီ ၂၀
မန္တလေးအောင်မြေသာစံမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်နံနက်ပိုင်းက ပုလဲငွေရာင်ရပ်ကွက်ရှိ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံးတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌ သဘာပတိ ဦးစောထွန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူသန့်က အမှာစကား ပြောကြားသည်။
ထို့နောက် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်၏ ရှေ့လုပ်ငန်းစဉ်များအား အတွင်းရေးမှူး ဦးမြလင်းက ဖတ်ကြားတင်သွင်းပြီး ဘဏ္ဍာရေးရှင်းတမ်းအား သမဝါယမဦးစီးဌာန စာရင်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် ဦးစီးမှူး ဦးနေထွန်းမင်းက ဖတ်ကြားတင်သွင်းကာ သဘာပတိက ဘဏ္ဍာရေး ရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား အသင်းသားများထံမှ အတည်ပြုချက်ရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


