ဝါရှင်တန် ဖေဖော်ဝါရီ ၂၀

အမေရိကန်-အီရန်နျူကလီးယား ဆွေးနွေးပွဲ၏ ရလဒ်ကို လာမည့် ၁၀ ရက်အတွင်း ဆုံးဖြတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

တီဟီရန်အနေဖြင့် ၎င်း၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ သဘောတူညီမှုရရှိရန် ၁၀ ရက်မှ ၁၅ ရက်အထိ အချိန်ယူရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။  သမ္မတ ဒေါ်နယ်ထရမ့်က ဝါရှင်တန်၌ မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံက အီရန်နိုင်ငံနှင့် အဓိပ္ပာယ်ရှိသော သဘောတူညီချက်တစ်ခု ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ယင်းသို့မဟုတ်ပါက ဆိုးရွားသော  နောက်ဆက်တွဲကိစ္စများ  ဖြစ်လာမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ အမေရိကန်သည် အီရန်အပေါ် စစ်ရေးအရ ဖိအားများ တိုးမြှင့်လျက်ရှိသည်။ အရှေ့အလယ်ပိုင်းသို့ ဒုတိယမြောက် လေယာဉ်တင်သင်္ဘောကို  စေလွှတ်ရန်  ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ထရမ့်က အမိန့်ပေးခဲ့သည်။

လေယာဉ်တင်သင်္ဘော USS Gerald R. Ford သည် လေယာဉ်တင်သင်္ဘော USS Abraham Lincoln နှင့် ပူးပေါင်းရန် ကာရေဘီယံသို့ ချဉ်းကပ်ရောက်ရှိလာခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ အမေရိကန်တပ်မတော်က ယခုသီတင်းပတ်ကုန်တွင် အီရန်ကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်းလည်း အဆိုပါကိစ္စနှင့် နီးစပ်သော သတင်းရင်းမြစ်များကို ကိုးကား၍ စီအင်န်အင်န်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။                    

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်