ညောင်ဦး  ဖေဖော်ဝါရီ  ၂၁

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရွှေဆံတော်ဘုရားကြီး အဝင်လမ်းတစ်လျှောက်တွင် ယနေ့ နံနက် ၇ နာရီက ညောင်ဦးခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ရွှေဆံတော်ဘုရားကြီး အဝင်လမ်းတစ်လျှောက်နှင့် လောကထိပ်ပန်ဘုရား၊ မြေဘုံသာဘုရားလှနှင့် လောကဥသျှောင်ဘုရားဘက်သွားသည့် လမ်းများရှိ အမှိုက်များ၊ ပေါင်းမြက်များ၊ ကန္တာရပင်များနှင့် ခြုံနွယ်ပိတ်ပေါင်းများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ပြီး ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စည်ပင်သာယာရေး အမှိုက်ကျင်းသို့ ပို့ဆောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)