တိုက်ကြီး ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေးအတွက် သဘာဝရေကန်များတွင် ရေလုံလောက်စွာရရှိရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နှင့် အဖျောက်မြို့တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက် ကြီးကြပ်မှုဖြင့် တိုက်ကြီးမြို့ ဗောဓိကုန်းရပ်ကွက်၊ အုပ်ပုံစုရပ်ကွက်နှင့် အိုးတန်းရပ်ကွက်များရှိ သဘာဝရေကန် ၄ ကန်အား ဒုတိယမီးသတ်ဦးစီးမှူး ဦးဖြိုးဝေဇော် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က ရေစုပ်စက် ၁ လုံးဖြင့်လည်းကောင်း၊ အဖျောက်မြို့ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်ရှိ သဘာဝရေကန် ၅ ကန်အား အဖျောက်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇင်ကို ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ရေစုပ်စက် ၁ လုံးဖြင့်လည်းကောင်း မီးဘေးအန္တရာယ်တားဆီးကာကွယ်နိုင်ရေး၊ မီးငြှိမ်းသတ်ရေးဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိရေးနှင့် ရေရရှိနိုင် သည့်နေရာများ အသင့်ဖြစ်စေရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


