နေပြည်တော် ဖေဖော်ဝါရီ ၂၂
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် မြဝတီမြို့နယ် အမှတ် (၆) ရပ်ကွက် အာရှလမ်းအနီး၌ ယာဉ်နှစ်စီးပေါ်မှ တရားမဝင် အခြားသစ် ၄ ဒသမ ၇၃၀ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၀၄၀၇၃၂ ကျပ်) နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် လိုင်စင်မဲ့ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၁၉၀၄၀၇၃၂ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပဲခူးမြို့နယ်နှင့် ကျောက်တံခါး မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်နှစ်စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဘီးလင်းမြို့နယ် ကန်သာယာရပ်ကွက်၌ လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ခရမ်းမြို့နယ် အောင်သာယာကျေးရွာ ချောင်းကမ်းအနီး၌ စုပုံထားသည့် လူသုံးကုန်ပစ္စည်းငါးမျိုး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၉၁၈၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးစခန်း၌ ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၄၃၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Foton Ollin Truck တစ်စီး၊ Foton Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀) ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၅၅၀၀၀၀) ကိုလည်းကောင်း၊ သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း ၁၉ မျိုး (ခန့်မှန်းတန်ဖိုးငွေ ၆၂၅၉၂၇၈၃ ကျပ်) ကိုလည်းကောင်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည် ၁၃ ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၄၆ မျိုး၊ လုပ်ငန်းသုံးပစ္စည်းရှစ်မျိုး၊ လျှပ်စစ်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၃၁၂၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၄၄၅၆၉၇၇၈၃ ကျပ်ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲဖွင့်လှစ်ထားရှိသည်။
ဖေဖော်ဝါရီ ၁၀ ရက်၊ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၅ မှု (ခန့်မှန်းတန်ဖိုးငွေ ၅၇၀၆၅၆၅၁၅ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။
ထို့အပြင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်တွင် ဘားအံမြို့နယ် သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လျှပ်စစ်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၅၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကို လည်းကောင်း၊ ဘားအံမြို့နယ် ကော့ကျိုက်ပွန်ကျေးရွာအနီး၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆၈၀၀၀၀) နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Toyota Hilux Vigo တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) ကိုလည်းကောင်း၊ ဘားအံမြို့နယ် နောင်လုံတံတား၌ ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၃၇၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၅၅၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ဒိုက်ဦးမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် သုည ဒသမ ၆၄၂ တန်၊ အခြားသစ် ၁ ဒသမ ၁၂၁ တန် (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၆၁၃၉၃၂ ကျပ်) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၈ ရက် တွင် တောင်တွင်းကြီးမြို့နယ်၊ ချောက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့အတွင်း၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း ငါးလုံးနှင့် ငွေစက္ကူရောရာ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၈၃၈၀၀) ကို လောင်းကစားဥပဒေအရလည်းကောင်း၊ ရေနံချောင်းမြို့နယ် ရေနံချောင်းရေနံမြေ၌ တရားမဝင်ရေနံစိမ်း ခုနစ်အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၃၅၀၀) ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ မကွေးမြို့နယ်၊ ကံမမြို့နယ်နှင့် ငဖဲမြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ယာဉ်တစ်စီးနှင့် လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၈၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၅၂၇၃၀၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်တွင် မြစ်ငယ်မြို့နယ်၊ မိတ္ထီလာမြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပလိပ်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့ဆိုင်ကယ် ၁၂ စီး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၅၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၁ ရက်တို့တွင် အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ရေကြည်မြို့နယ်တို့အတွင်း၌ တရားမဝင်အခြားသစ် ၈ ဒသမ ၀၇၀ တန် (ခန့်မှန်းတန်ဖိုး ငွေ ၁၉၃၆၈၉၆ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း၊ မအူပင်မြို့နယ်၌ လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေ ၂၃၃၆၈၆၉ ကျပ်ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းလေးမျိုး (စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၄၅၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲ ဖွင့်လှစ်ထားရှိသည်။
ဖေဖော်ဝါရီ ၅ ရက်၊ ၉ ရက်၊ ၁၁ ရက်၊ ၁၈ ရက် နှင့် ၁၉ ရက်တို့တွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၃၄ မှု (ခန့်မှန်းတန်ဖိုးငွေ ၁၇၈၇၂၈၁၂၈ ကျပ်) ကို သိမ်းဆည်းရမိခဲ့သည်။ ထိုကဲ့သို့ တရားမဝင်တင်သွင်းလာမှုများကြောင့် တရားဝင် တင်သွင်းသည့် ကုန်သည်လုပ်ငန်းရှင်များအတွက် စျေးကွက်ယှဉ်ပြိုင်နိုင်မှုစွမ်းအား ကျဆင်းခြင်းနှင့် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နိုင်စေပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာဆုံးရှုံးနစ်နာခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ သို့ဖြစ်ပါ၍ တရားမဝင်ကုန်စည် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမိုတားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်


