မြန်အောင်  ဖေဖော်ဝါရီ   ၂၂

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဧရာဝတီ မြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်း၊ မကျီးစုကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ မြန်အောင် တာမိုင် ၅/၅ နှင့် ၅/၇ ကြား ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်သည်။

 

မြန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဧရာဝတီ မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဘိုးပိုင်အခြေပြု Gabion Box ကမ်းထိန်းတမံတည်ဆောက်ခြင်း အလျားပေ ၃၅၀ အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၀၀၀၊ မြန်အောင်မြို့ မကျီးစုကျေးရွာ ဧရာဝတီမြစ်ကမ်းပြိုကာကွယ်ရေး လုပ်ငန်းကို ဘိုးပိုင်အခြေပြု ကျောက်စီတမံတည်ဆောက်ခြင်း အလျား ပေ ၁၅၀ အား ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ် သန်း ၅၀၀ နှင့် မြန်အောင် တာမိုင် ၅/၅ နှင့် ၅/၇ ကြား ဧရာဝတီမြစ်ကမ်းပြို ကာကွယ်ရေးလုပ်ငန်းကို ဘိုးပိုင်အခြေပြုကျောက်စီ တမံတည်ဆောက်ခြင်း အလျား ၁၇၅ ပေတို့အား ၂၀၂၅- ၂၀၂၆ ဘဏ္ဍာ နှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၅၆၀ ဖြင့် လုပ်ငန်းသုံးပစ္စည်းတင်ဒါခေါ်ယူ၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မြန်အောင်ခရိုင် မြန်အောင်မြို့ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း များကို ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်တွင် လွန်ဆေး မြိုင်ပန်းခြံအနီး အလျားပေ ၂၀၀၊ မြန်အောင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနီး အလျားပေ ၁၅၀ နှင့် မြန်အောင်မြို့ မကျီးစု ကျေးရွာ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း အလျားပေ ၃၀၀ တို့ကို ဆက်လက် ဆောင်ရွက်သွားရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး  ဦးထက်ဇော်ဦးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)