နေပြည်တော် ဖေဖော်ဝါရီ ၂၂

 

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းနှင့် ကုန်သည် လမ်းထောင့်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁၊ ၃) နှင့် ရန်ကင်းမြို့နယ် စိမ်းလဲ့မေလမ်းသွယ်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၂ ၊ ၄) တို့တွင် ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဗိုလ်တထောင် မြို့နယ် အနော်ရထာလမ်းနှင့် (၄၇) လမ်းထောင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး(၂)နေရာ ရုံးအဆောက်အအုံ အကြီးစား ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

ယင်းနောက် ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံ လမ်းထောင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန် ရုံး(၁) အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူး များနှင့်တွေ့ဆုံ၍ ပြည်တွင်း အခွန်များဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အခွန်အရပ်ရပ် လျာထားချက် ပြည့်မီကျော်လွန်စွာ ကောက်ခံရရှိနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်